WELCOME TO SARA HOMEPAGE !

SARA မှကြိုဆိုပါသည်။

Sky Bow Tower, Corner of Bayintnaung Main Road and Kagyi 5th Street, Insein Myo Thit Ward, Insein Township, Yangon, MYANMAR.

Phone : 0973040097, 09250970469

8bff2-getting-closer-to-your-child-cover_001.jpg

မိဘနှင့်သားသမီးများ ပိုမိုရင်းနှီးလာစေဖို့

Author : ပါမောက္ခ ဒေါက်တာဂျော်ထက်ဒိုး၊ အထူးကုဆရာဝန်ကြီး (စိတ်ရောဂါ)
Order Now

Description

စာရေးသူ၏အမှာစကား

သားသမီးများ ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည် သူတို့နှင့်မိဘများအကြား ရင်းနှီးမှု၊ နွေး ထွေးသောဆက်ဆံရေးအပေါ်၌အခြေခံပါသည်။  ထိုကဲ့သို့ ရင်းနှီးဆက်ဆံမှုသည် ကလေးအနာဂါတ်အတွက် ကြီးမားသောအောင်မြင်မှုကို လမ်းကြောင်းဖွင့်ပေးသည် သာမက မူးယစ်ဆေးဝါးများ စွဲလမ်းသုံးစွဲမှုပြဿနာမှလည်း ကာကွယ်ပေးပါသည်။

သားသမီးများ မူးယစ်ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် အခြားဆေးဝါးတစ်ခုခု သုံးစွဲခြင်းကို ကာကွယ်တားဆီးရန် အဓိကနေရာမှစွမ်းဆောင်နိုင်သူများမှာ မိဘများဖြစ်ပါသည်။

ကျွနုပ်တို့မိဘများအနေဖြင့် သားသမီးများအပေါ် မည်မျှလောက်ဂရုစိုက်သည်ကို သူတို့လေးတွေ သိရှိသဘောပေါက်စေရန် ပြသနိုင်သောနည်းအချို့ကို ဤစာဆောင် တွင် ဖော်ပြထားပါသည်။

ဤစာဆောင်သည်  ၅နှစ်အောက် ကလေးငယ်များ ရှိသောမိဘများအတွက် အထောက်အကူဖြစ်စေမည့်စာဆောင်ဖြစ်ပါသည်။