Description
ဤစာဆောင်ငယ်ကိုဖတ်ရှုလေ့လာခြင်းအားဖြင့် လူငယ်များ မိမိ၏စွမ်းရည်အပေါ် ယုံကြည်အားထားမှုအား တိုးတက်လာစေရန် ရေးသားပြုစုထားသော ပညာပေး စာဆောင်ဖြစ်ပါသည်။ လူငယ်များ မိမိ၏စွမ်းရည်အပေါ် ယုံကြည်အားထားမှုကောင်းလျှင် မိမိကိုယ်ကိုမိမိတန်ဖိုးထားတတ်လာပြီး မိမိဘ၀ကို ပျက်ဆီးစေနိုင်သောလုပ်ရပ်များ ကို ရှောင်ကျဉ် တတ် လာမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏စွမ်းရည်အပေါ် ယုံကြည်အားထားမှု တိုးမြှင့်လာအောင် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို အကျဉ်း ချုပ် ဖေါ်ပြ ထားသော ပညာပေးစာဆောင်ငယ်လေးပင်ဖြစ်ပါသည် ။