Description
လူငယ်တို့ဘ၀ မှာ မလုပ်သင့်သောအလုပ်တစ်ခုကို သက်တူရွယ်တူများ က ဖိအားပေးပြီး အတင်းအကြပ်လုပ်ခိုင်းသည့် အတွေ့အကြုံ အမျိုးမျိုးကို တွေ့ကြုံရတတ်ပါသည်။ ထိုဖိအားများကို မလွန်ဆန်နိုင်ပါက မလုပ်ချင်ပေမဲ့ လုပ်ဖြစ်သွားတတ်ကြပါသည်။ ထို့ကြောင့် လူငယ်များ ဤကဲ့သို့ မဖြစ်ရလေအောင် ကြိုတင်လေ့ကျင့်ထားနိုင်မည့် နည်းလမ်းများကို အသိပညာပေးထားသော စာဆောင်ငယ်ဖြစ်ပါသည် ။