ကချင်ပြည်နယ်ရှိ စီမံကိန်းမြို့နယ်များတွင် သင်၏စိတ်ကျန်းမာရေးအတွက် တယ်လီဖုန်းဖြင့်အခမဲ့ဆွေးနွေးနိုင်ပါပြီ။
• သင့်တွင် စိတ်ကျဆင်းခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှု ရောဂါ ဖြစ်ခြင်း (Post-traumatic stress disorder)၊ မူးယစ်ဆေးစွဲခြင်းအစရှိသည့် စိတ်ခံစားမှု ပြဿနာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ခံစားနေရပါသလား။
• Covid-19 ကာလတွင် လူချင်းတွေ့ဆုံရန် အခက်အခဲရှိနေမည်ဖြစ်၍ တယ်လီဖုန်းဖြင့် တိုက်ရိုက်ဆွေးနွေးသည့် (tele-counselling) ဝန်ဆောင်မှုကို စတင်မိတ်ဆက်လုပ်ဆောင်နေပြီဖြစ်သည်။
• မူးယစ်ဆေးစွဲရောဂါသုတေသနအသင်း - ဆာရာ(Substance Abuse Research Association) က USAID ၏ ရံပုံငွေပံ့ပိုးမှုဖြင့် ပဋိပက္ခဒဏ်ခံစားရသည့်ရပ်ရွာလူထုအတွက် Common Elements Treatment Approach (CETA) ကုထုံးဖြင့် စိတ်ကျန်းမာရေးကုသမှုအထောက်ပံ့ပေးသော စီမံကိန်းကို ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ နမ္မတီး၊ မိုးညှင်း၊ မိုးမောက်၊ မန်စီမြို့နယ်များတွင် ၂၀၁၉ သြဂုတ်လ မှစတင်၍ အကောင်ထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။ (၂၀၂၁ မတ်လမှ စတင်ပြီး ဆင်ဘို၊ ရွှေကူ၊ လွယ်ဂျယ်၊ ဟိုပင်မြို့နယ်များ တွင်လည်းတိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်သည်။)
• အမေရိကန်နိုင်ငံရှိ ဂျွန်ဟော့ပ်ကင်း(စ်)တက္ကသိုလ်မှ CETA သင်တန်းရရှိထားသော ကျွမ်းကျင်ဆရာ၊ ဆရာမများနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။
ဆက်သွယ်နိုင်တဲ့ဆရာ၊ဆရာမများကတော့ -
၁။ ဆရာမ အယ်လီဇဘက် (မြစ်ကြီးနား) ဖုန်း - ၀၉- ၄၅၀ ၂၄၇ ၀၈၀
၂။ ဆရာမဝင်းဝင်းအေး (နမ္မတီး) ဖုန်း - ၀၉- ၇၅၇ ၁၅၇ ၈၈၂
၃။ ဆရာမ ချိုဇင်ဖူး (မိုးညှင်း) ဖုန်း - ၀၉-၄၅၄ ၄၅၀ ၆၀၀
၎။ ဆရာမ ဆိုင်းပန် (မိုးမောက်) ဖုန်း - ၀၉-၈၈၂ ၃၄၆ ၉၁၀
၅။ ဆရာ ဝင်းဗိုလ် (မန်စီ) ဖုန်း - ၀၉-၇၅၉ ၀၁၆ ၆၃၉
• ကချင်ပြည်နယ်၏ အထက်ဖော်ပြပါမြို့နယ်များရှိ ဒုက္ခသည်စခန်းအချို့တွင် နေထိုင်သောသူများ အနေဖြင့်လည်း ခန့်အပ်ထားသော Focal Persons များမှတစ်ဆင့် တယ်လီဖုန်းဝန်ဆောင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
• တယ်လီဖုန်းဖြင့်ဆွေးနွေးသည့် ဝန်ဆောင်မှုအပြင် စိတ်ကျန်းမာရေးအတွက် ဆေးကုသရန်လိုအပ်ပါက သက်ဆိုင်ရာ စီမံကိန်းဆရာဝန်များထံတွင် အခြေခံစိတ်ကျန်းမာရေးစောင့်ရှောက်မှု (Primary Mental Health Care) ကိုရရှိနိုင်မည်ဖြစ်ပါသည်။
• အခြေခံစိတ်ကျန်းမာရေးစောင့်ရှောက်မှုနှင့်မလုံလောက်ပါက ရန်ကုန်ရှိအထူးကုဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် (Zoom, Skype အစရှိသောဆိုရှယ်မီဒီယာများကိုအသုံးပြုပြီး) ဆေးကုသမှု ခံယူနိုင်ပါသည်။
• များမကြာမီတွင်လည်း ကချင်ပြည်နယ်ရှိအထက်ဖော်ပြပါမြိုနယ်များတွင် မိသားစု-မိတ်ဆွေတွေ့ဆုံ ဆွေးနွေးသည့်နေရာများ (Family-Friend Stations) ကိုဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးသည့်အစီအစဉ်များအနေဖြင့် သီးသန့်အခန်းများအသုံးပြု၍ ဆရာ၊ဆရာမများနှင့် လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်ပြီး တိုင်ပင်ဆွေးနွေးသည့်အကြောင်းအရာများကို လျှို့ဝှက်ထိန်းသိမ်းထားမည်ဖြစ်သည်။
• အခြားဝန်ဆောင်မှုများအနေဖြင့် အိပ်ခ်ျအိုင်ဗွီ (HIV)၊ တီဘီ (TB)၊ အသည်းရောင်အသားဝါဘီပိုး (HBV)၊ စီပိုး (HCV) အစရှိသည့် ရောဂါပိုးများကိုလည်း အခမဲ့စစ်ဆေးနိုင်မှာဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။