လူငယ်ထုအတွင်း မူးယစ်ဆေးသုံးစွဲမှု ကာကွယ်ရေး စီမံချက်
SARA အသင်းမှ လူငယ်ထုအတွင်း မူးယစ်ဆေးသုံးစွဲမှု ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိ အမေရိကန်သံရုံး ၏ International Narcotics and Law Enforcement Affairs (INL) မှ ရန်ပုံငွေပံ့ပိုး ပေးလျက်ရှိပါသည်။
စီမံချက်ဝင်ဒေသများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း နှင့် စစ်ကိုင်းတိုင်း ရှိမြို့နယ်များပါဝင်ပြီး ၂၀၁၇ မှ ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
စီမံချက်တွင်မပါဝင်သောဒေသများမှ အလားတူလုပ်ငန်းများကို မိမိတို့ဒေသများတွင်ဆောင်ရွက်စေလိုပါက SARA နှင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လူငယ်ထုအတွင်း မူးယစ်ဆေးသုံးစွဲမှု ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် SARA အသင်းမှ
(၁) ဆေးသုံးစွဲခြင်းမရှိသေးသောလူငယ်များ မူးယစ်ဆေးစတင်စမ်းသပ် သုံးစွဲခြင်းမရှိအောင် Life Skills များအားသင်ကြားပေးခြင်း
(၂)အသက် (၈)နှစ်အောက်ခလေးငယ်ရှိသော မိဘများအား မိဘအုပ်ထိန်းမှုအတတ်ပညာသင်ကြားပေးခြင်း
(၃) ပြည်နယ်တိုင်းဒေသ နှင့် မြို့နယ်အသီးသီးအတွက် မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်ရေးစွဲရာတွင် ကူညီဆောင်ရွက်ပေးခြင်း
စသည့် လုပ်ငန်း များဆောင်ရွက်ပေးလျက်ရှိပါသည်။