WELCOME TO SARA HOMEPAGE !
SARA မှကြိုဆိုပါသည်။
Sky Bow Tower, Corner of Bayintnaung Main Road and Kagyi 5th Street, Insein Myo Thit Ward, Insein Township, Yangon, MYANMAR.
Phone : 0973040097, 09250970469
sara-icon
အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒရေးဆွဲရေး
SARA အသင်း၏ဥက္ကဋ္ဌသည် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက် သော အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ ရေးဆွဲရေးတွင် ပညာရှင်အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ပါသည်။
View Details
sara-icon
Drug Use Prevention Services လူငယ်ထုအတွင်း မူးယစ်ဆေး စတင်သုံးစွဲမှုအား ကြိုတင်ကာကွယ်ရေး လုပ်ငန်း
Drug Use Prevention Services များကို ကချင်ပြည်နယ်၊ ရှမ်း (မြောက်) ၊ စစ်ကိုင်းတိုင်း နှင့် ကရင်ပြည်နယ် တို့တွင် ဆောင်ရွက်လျက် ရှိပါသည်။
View Details
Latest Activities
On-line Resource Centre ကို 1st January 2020 မှ စတင်ဖွင့်လှစ်လိုက်ပါပြီ။
SARA အသင်းရဲ့  ခြေလှမ်းသစ်များ အမှန်တစ်ကယ် စတင်ပါနေပါပြီဗျို့........စီစဉ်နေရတဲ့အချိန်တွေ က ထင်ထားဒါထက်အနည်းငယ်ပိုကြာသွားတဲ့အတွက် အနူးအညွတ် တောင်းပန်ပါသည်။
ပထမ ကြေငြာထားတဲ့အတိုင်း မူးယစ်ဆေးသုံးစွဲမှုနှင့်ပါတ်သက်သော သိလိုသမျှ သောအ ကြောင်းအရာများကို SARA နှင့် ဆက်သွယ်ပြီးမေးမြန်းလိုပါက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်တော့မည်ဖြစ်ပါသည်။
စုံးစမ်းဆက်သွယ်ရမည့်နေ့များမှာ အစိုးရ ရုံးဖွင့်ရက်များသာဖြစ်ပြီး နေ့ လည် ၂ နာရီမှ ၄ နာရီအတွင်းသာဖြစ်ပါသည်။
ပထမဆက်သွယ်သည့်အခါတွင် မိမိအားပြန်လည်ဆက်သွယ်လိုသောကြောင်းအရာနှင့် ပြန်လည်ဆက်သွယ်နိုင် မည့်ဖုန်းနံပါတ် တို့ ကိုမေးမြန်းမည်ဖြစ်ပါသည်။
ထို့ နောက်တွင် ရန်ကုန် SARA ရုံးမှ ပညာရှင်များနှင့်တွေ့ ဆုံနိုင်မည့် ရက်ချိန်းကိုပြောပေးမည်ဖြစ်ပါသည်။
SARA ရုံးမှ ပညာရှင်များနှင့် တွေ့ ဆုံနိုင်သောနေ့ ရက်များမှာ တနင်းလာနေ့  နှင့် ဗုဒ်ဓဟူး နေ့  နေ့ လည် ၂ နာရီ မှ ၄ နာရီအတွင်းသာဖြစ်ပါသည်။
တောင်းဆိုမှုများ များလာပါက ပညာရှင်များက တွေ့ ဆုံနိုင်မည့်ရက်ကို တိုးမြှင့် ပေးသွားမည်ဖြစ်ပါသည်။
မှတ်ချက်
၁။ မေးမြန်းတွေ့ ဆုံသူ၏ ကိုယ်ရေးအချက်အလက်များကို မ ပေါက်ကြားစေရန် အထူးဂရုစိုက်ဆောင်ရွက်သွားပါမည်။
၂။ ပြည်သူ့ ရဲနှင့်ပါတ်သက်သော ထုတ်လုပ်မှုလျော့ချခြင်း ရောင်းဝယ်မှုတားဆီးခြင်း တို့ ကိုဆောင်ရွက်ပေးခြင်း မပြုလုပ်ပါ။
၃။ SARA အသင်းရဲ့  ၀န်ဆောင်မှုများအတွက် မည်သည့်  အခ ကြေးငွေ ကိုမျှ ကောက်ခံသွားမည် မဟုတ်ပါ။
SARA အသင်းမှ ဧပြီလ (၂၃) ရက်နေ့ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မူးယစ်ဆေးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးစီမံချက် ရေးဆွဲရေး အလုပ်ရုံဆွေနွေးပွဲ ကျင်းပ
သားသမီးများကြီးပြင်းလာသည့်အခါ မူးယစ်ဆေးသုံးစွဲသူဖြစ်မလာစေရန် ငယ်ရွယ်စဉ်အခါမှစ၍ သူတို့ လေးတွေကို ပြုစုစောင့်ရှောက်နည်း နည်းပြသင်တန်းအား ဧပြီလ(၂၄)မှ(၂၅) ရက်နေ့ အထိ လားရှိုးတွင်ကျင်းပ
ကချင်ပြည်နယ် မူးစိတ်တားအဖွဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ်ရေး မဟာဗျူဟာစီမံချက် (၂၀၁၉-၂၀၂၂) အား SARA အသင်းမှ နည်းပညာကူညီပံ့ပိုးမှု နှင့် မြန်မာနိုင်ငံ အမေရိကန်သံရုံး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့်တရားဥပဒေ စိုးမိုးရေားန International Narcotics and Law Enforcement Affairs (INL) ရံပုံငွေပံ့ပိုးမှုဖြင့် အောင်မြင်စွာရေးဆွဲနိုင်ခဲ့ပြီး သြဂုတ်လ (၂၉) ရက်နေ့တွင် မြစ်ကြီးနားမြို့ City Park Royal ခမ်းမစီမံချက်အားရှင်းလင်းတင်ပြနိုင်ခဲ့ပါသည်။
မန်မာနိုင်ငံ၏ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ အသစ် ကို ဖေဖေါ်ဝါရီလ ၂၀၁၈ ခုနှစ်တွင် စတင်ပြထမ်းခဲ့ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးသို့ အဆိုပါမူဝါဒ အား ရှင်းလင်းတင်ပြခြင်းများကိုဆောင်ရွက်လျက်ရှိရာ ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် တနင်္သသာရီတိုင်း ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ဝင်များ နှင့် တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ကို၎င်း၊ ဖေဖေါ်ဝါရီလ(၉) ရက်နေ့တွင် ဒေသတွင်းရှိ လူမှုရေးအသင်း အဖွဲ့များကို၎င်း မူဝါဒရေးစွဲရေးပညာရှင်အဖွဲ့ဝင်များမှ ရှင်းလင်းတင်ပြခဲ့ကြပါသည်။
အာဆီယံနိုင်ငံများ၏ တပ်မတော်ဆေးပညာရှင်များညီလာခံ (ဒုတိယ အကြိမ်) ကို ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် ရန်ကုန်မြို့ Melia Hotel ၌ကျင်းပရာ SARA အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဂျော်ထက်ဒိုး မှ Alcohol, Drugs and other Drug Addictions in the Military ခေါင်းစဉ်ဖြင့် စာတမ်းတစ်ဆောင်အား တင်ပြဆွေးနွေးခဲ့ပါသည်။
885ac-1600843689901.png
ကချင်ပြည်နယ်ရှိ စီမံကိန်းမြို့နယ်များတွင် သင်၏စိတ်ကျန်းမာရေးအတွက် တယ်လီဖုန်းဖြင့်အခမဲ့ဆွေးနွေးနိုင်ပါပြီ။
မူးယစ်ဆေးစွဲရောဂါသုတေသနအသင်း - ဆာရာ(Substance Abuse Research Association) က USAID ၏ ရံပုံငွေပံ့ပိုးမှုဖြင့်  ပဋိပက္ခဒဏ်ခံစားရသည့်ရပ်ရွာလူထုအတွက် Common Elements Treatment Approach (CETA) ကုထုံးဖြင့် စိတ်ကျန်းမာရေးကုသမှုအထောက်ပံ့ပေးသော စီမံကိန်းကို ကချင်ပြည်နယ်ရှိ  မြစ်ကြီးနား၊ နမ္မတီး၊ မိုးညှင်း၊ မိုးမောက်၊ မန်စီမြို့နယ်များတွင် ၂၀၁၉ August မှစတင်၍ အကောင်ထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။ (၂၀၂၁ မတ်လမှ စတင်ပြီး ဆင်ဘို၊ ရွှေကူ၊ လွယ်ဂျယ်၊ ဟိုပင်မြို့နယ်များ တွင်လည်းတိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်သည်။) 
Read More
8ded3-photo-documentation-1.jpg
အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ ရေးဆွဲရေးပညာရှင်အဖွဲ့တွင်ပါဝင်ခြင်း
SARA အသင်း၏ဥက္ကဋ္ဌသည် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက် သော အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ ရေးဆွဲရေးတွင် ပညာရှင်အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ပါသည်။
Read More
Read More
SARA မှ ပြုစုရေးသားထားသော စာဆောင်များ